Wednesday, December 25, 2013

"ဒါရိုက်တာ မောင်သီမေး၍ ဒါရိုက်တာ မောင်သီဖြေသည်"

မေး- ဒီနှစ် အကယ်ဒမီပွဲကို ရင် ခုန်ပါသလား။
ဖြေ- အကယ်ဒမီပွဲကိုတော့ ရင်မခုန် ပါဘူး။ အကယ်ဒမီဗန်းကိုင်မယ့် ကောင်မလေးတွေကိုတော့ ရင်ခုန်ပါ

တယ်။

မေး- ဒီနှစ် အကယ်ဒမီဘယ်သူရနိုင် မယ်ထင်ပါသလဲ။
ဖြေ- မင်းသမီးထဲက စိုးမြတ်သူဇာ နဲ့ နဝရတ် ရမယ်လို့ ထင်တယ်။ ဘာလို့ လဲဆိုတော့ ဖေ့စ်ဘုတ်မှာ တော် တော်လေး နာမည်ကြီးနေတယ်။ comment တွေလည်း အများကြီး တွေ့တယ်။ သူတို့နှစ်ယောက်ရနိုင် ပါတယ်။

မေး- ဒီနှစ်အကယ်ဒမီ "ဥ"ပါနိုင်ပါ မလား။
ဖြေ- ဥမပါလောက်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အကယ်ဒမီ နတ်သမီးက မိန်းမဖြစ်နေလို့ပါ။

မေး- ဒီနှစ် ဟာသ ဇာတ်ကားတွေ အကယ်ဒမီပေးဖို့ အစီအစဉ်ရှိလား။
ဖြေ- ခေတ် အဆက်ဆက်ကတော့ ပြည်သူတွေ ငိုတယ်၊ ဆင်းရဲတယ်၊ ဝမ်းနည်းကြေကွဲတယ် ဆိုရင် ဆုတွေ ပေးတဲ့ အစဉ်အလာ ရှိတယ်။ ပြည်သူ တွေပျော်တယ်၊ ရယ် တယ်၊ စိတ်ချမ်း သာတယ်၊ ဝမ်းသာတယ် ဆိုရင် မပေး ဘူး။ ဒီနှစ်တော့ မပြောတတ်ဘူး။



မေး- ဒီနှစ် လူရွှင်တော်တွေ အကယ် ဒမီရဖို့ရှိပါသလား။
ဖြေ- လူရွှင်တော်တွေကို တစ်နှစ်တစ် ယောက် အကယ်ဒမီ ပေးသင့်တယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မနှစ် က ကိုမော့စ် အကယ်ဒမီ ဆုရပြီး တော့ ကွယ်လွန်သွား တယ်။ အခု လည်း လူရွှင်တော် တွေ တော်တော် ဖောင်းပွနေတော့ တစ် နှစ်တစ်ယောက် တော့ ပေးသင့် တယ်။

မေး-အကယ် ဒမီ နတ်ကြီးတယ် ဆိုတာ ဟုတ်ပါ သလား။
ဖြေ- အကယ် ဒမီ နတ် ကြီးတာ မဟုတ် ပါဘူး။ နိမိတ်ကြီးတာပါ။ အကယ် ဒမီရုပ်တုမှာ နတ်သမီးက ကြယ် မ ထား ပါတယ်။ ဒါက နိမိတ်ပါ။ ကြယ် မ ဆိုတာ ဒီဆုရပြီး ရင် ကျမယ်ဆိုတာကို ပြောတာပါ။

Popular Academy

No comments:

Post a Comment