Thursday, December 26, 2013
ဘ၀ဆိုတဲ့ လက်ဆောင်ကောင်း ( Life is a gift)
Wednesday, December 25, 2013
မြန်မာဟေ့ … မြန်မာဟေ့ … မြန်မာဟေ့
မြန်မာတွေ
ကိုယ့်အရက် ကိုယ်သောက်၊ ကိုယ့်ကွမ်းကိုယ်စား၍ ကွင်းထဲ အပြည့်ရောက်နေသည်။
ဘင်ခရာတွေ ဗုံတွေလည်း ပါလာသည်။ "ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ... မြန်မာ"
ဟု
ဝိုင်းအော်ကြသည်။ မြန်မာနိုင်ပြီဟု ကြွေးကြော်ကြသည်။ ဝါစိမ်းနီမှာ ကြယ်ဖြူထည့်ထားသည့် အလံကြီးကို ဝှေ့ယမ်းကြသည်။ အင်္ကျီချွတ်၍ အလံပုံကို တစ်ကိုယ်လုံးမှာ ဆေးဖြင့် အပြည့်ရေးဆွဲကြသည်။ ဘောင်းဘီပါလို့ တော်သေးသည်။ နို့မို့ဆို... အလံတော် အောက်က ခေါင်းလောင်းတီးသံ တညံညံ ဖြစ်နေမည်။
မြန်မာ အမျိုးသားအသင်း ကွင်းထဲဝင်လာသည်။ အင်ဒိုနီးရှား အမျိုးသားအသင်းနှင့် ကန်ကြမည်။ ဆီမီးဖိုင်နယ် တက်မည်ဟု ဆိုသည်။ မီးမလာသည့် ရပ်ကွက်များ ဆီမီးထွန်း၍ ဂုဏ်ပြုကြသည်။ အားလုံး တက်တက်ကြွကြွ။ ကွင်းထဲဝင်ခွင့် မရသူ များက LED ဆိုင်းဘုတ်ရှေ့မှာ ပုလင်းထောင်၍ အမြည်းတစ်ပွဲဖြင့် အားပေးကြသည်။

"ဒါရိုက်တာ မောင်သီမေး၍ ဒါရိုက်တာ မောင်သီဖြေသည်"
မေး- ဒီနှစ် အကယ်ဒမီပွဲကို ရင် ခုန်ပါသလား။
ဖြေ- အကယ်ဒမီပွဲကိုတော့ ရင်မခုန် ပါဘူး။ အကယ်ဒမီဗန်းကိုင်မယ့် ကောင်မလေးတွေကိုတော့ ရင်ခုန်ပါ
တယ်။
မေး- ဒီနှစ် အကယ်ဒမီဘယ်သူရနိုင် မယ်ထင်ပါသလဲ။
ဖြေ- မင်းသမီးထဲက စိုးမြတ်သူဇာ နဲ့ နဝရတ် ရမယ်လို့ ထင်တယ်။ ဘာလို့ လဲဆိုတော့ ဖေ့စ်ဘုတ်မှာ တော် တော်လေး နာမည်ကြီးနေတယ်။ comment တွေလည်း အများကြီး တွေ့တယ်။ သူတို့နှစ်ယောက်ရနိုင် ပါတယ်။
မေး- ဒီနှစ်အကယ်ဒမီ "ဥ"ပါနိုင်ပါ မလား။
ဖြေ- ဥမပါလောက်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အကယ်ဒမီ နတ်သမီးက မိန်းမဖြစ်နေလို့ပါ။
မေး- ဒီနှစ် ဟာသ ဇာတ်ကားတွေ အကယ်ဒမီပေးဖို့ အစီအစဉ်ရှိလား။
ဖြေ- ခေတ် အဆက်ဆက်ကတော့ ပြည်သူတွေ ငိုတယ်၊ ဆင်းရဲတယ်၊ ဝမ်းနည်းကြေကွဲတယ် ဆိုရင် ဆုတွေ ပေးတဲ့ အစဉ်အလာ ရှိတယ်။ ပြည်သူ တွေပျော်တယ်၊ ရယ် တယ်၊ စိတ်ချမ်း သာတယ်၊ ဝမ်းသာတယ် ဆိုရင် မပေး ဘူး။ ဒီနှစ်တော့ မပြောတတ်ဘူး။

Subscribe to:
Posts (Atom)